31.5.10

အချစ်ဆုတောင်း (၂)



မင်းဟာကိုယ့်အတွက်အလွမ်း

လွမ်းငွေ့ဝေဝေ



အချစ်ဆုတောင်း (၁)


အချစ်ဆုတောင်း ( ၁ )

ချစ်သူရေ
မင်းလိုချင်တဲ့ အနိုင်လိုခြင်းတရားတွေကို
အပိုင်လိုချင်တယ်ဆိုရင်
ကောင်းကင်က ငွေလမင်းကို
အကြွေတစေ့လို ဖမ်းစုပ်
အရုပ်ကလေးတခုလို ဝယ်ပေးပါရစေ …။

မင်းလျှောက်ချင်တဲ့လမ်း
ခရီးကြမ်းတွေနဲ့ လှမ်းနေမယ်ဆိုရင်
ကြယ်ပွင့်လေးတွေကို စွပ်ခူး
အရင်ဦးဆုံး ခင်းပေးပါရစေ …။

အရိပ်မဲတွေနဲ့ မင်းဘဝ
အမှောင်ကျနေမယ်ဆိုရင်
တိမ်လွှာတွေကို အရည်ညှစ်
အလင်းမိုးစက်များအဖြစ် ရွာသွန်းလို့ပေးပါစေ …။

ဘဝခရီးရှည်တွေထဲ
မောပန်းလို့ နွမ်းလျနေရင်
ကိုယ့်ရဲ့ ဆံချည်လေးတွေကို နွှာယှက်
ယပ်တောင် တစင်းလို
လေညင်းလေးတွေကို ဆောင်ကျဉ်း
မင်းရဲ့ရင်းတွင်းသို့ အေးမြခြင်းတို့ပေးပါရစေ..။

စိန်ခေါ်သံတွေကြား
စစ်မက်တွေ ပွားနေမယ်ဆိုရင်
အချစ်ရဲ့ အနားမှာခစား
ကိုယ့်နှလုံးသားကိုဆွဲထုပ်
ရွှေကြုပ်လို နန်းဆင်
စံမြန်းလို့ နားခိုစေချင်…။

အလင်းပြာပြာ ညစဉ်တို့ရဲ့
ငွေကြယ်စင် လမင်းအောက်မှာ
ကိုယ့်လက်မောင်းကလေးကို
ချစ်သူ့ခေါင်းအုံးကလေးအဖြစ်နဲ့
ရင်ခုံသံနွေးနွေးလေးကို
တေးအဖြစ်နဲ့ ချော့ကာသိပ်ရင်း
အလှကမ္ဘာ အိမ်မက်ထဲမှာ
မှေးစက်လို့ပျော်စေချင်…။

...........ကျော်စွာလင်း ( ရိုးမ )
ဝ၇.ဝ၅.၂ဝ၁ဝ

လွမ်းသူ့ တမ်းချင်း


လွမ်းသူ့ တမ်းချင်း

မခို့မရို့ သူ့အပြုံးလေးနဲ့
ကပို့ကရို့ နဲ့ လှသွေးကြွယ်
ပန်းအလှ ကြယ်စင်နဲ့
စန္ဒာရှင် သခင်မ
ခယလောက်သူရယ်…

တယုတရ အကြင်နာနဲ့
သခင့်ပါးမှာ ခစား
ဝိုးတဝါး အချစ်များနဲ့
မခါးသော မျှော်လင့်ချက်
ပျားရည်စက်လို ချိုမြခဲ့ ...

မျှော်လင့်ခြင်း မနက်ြဖန်
ကြိမ်ဖန်များစွာ ဖြတ်သန်းရင်း
တမ်းတခြင်းမြစ်တစင်းထဲ
သံသယ ကင်းကင်းနဲ့
ဖြတ်သန်းလို့စီးဆင်း
ချစ်ခြင်းဖွဲ့ တေးဆိုမြဲပေါ့ …

ကြည်နူးခြင်း အိမ်မက်
ကာရံတွေ မဲ့နေပေမယ့်
သံစဉ်တွေ ထပ်ကာကြူးရင်း
ယဉ်ယဉ်လေးနဲ့ ရူးမိတယ်…

ဒီလိုနဲ့
မထင်မှတ်တဲ့ မျှော်လင့်ချက်
ရုတ်တရက် ကိုယ့်ရဲ့ရှေ့မှာ
ဆိုင်သူနဲ့ မင်းကကြည်နူး
ရည်းစားလူလု
အူနုကျွဲခတ်သလို
တိတ်တခိုး အချစ်ရူးလေးငါ
ကြိုးပျက်သွားတဲ့ အရုပ်ကလေးပမာလို
အခန်းထောင့်မှာ ထိုင်ကာငိုမိခဲ့တယ် …

မဆုံနိုင်ခင်ဝေး
မဆိုင်ခင်မှာဆွေးဆွေးတမြေ့နဲ့
ပိုင်သူရယ် ကိုယ်မဖြစ်ပေမဲ့
တမ်းတသူ သည်းခြေပျက်လည်း
ရက်စက်သူ မင်းမဟုတ်ပါဘူး…

အမှတ်တမဲ့ မဟုတ်ခဲ့ပါဘူး
တိတ်တခိုး စွဲလမ်းသူရယ်မို့
ကျိန်စာသင့် လွမ်းရက်တွေကြားမှာ
ရင်ခုံသံ အေးစက်စက်နဲ့
တချက်ချက်လည်း ရှိုက်မိခဲ့တယ် ...

နာကျင်မှု့တွေတိုက်စား
အမုန်းများကဝါးမြို
အရှုံးသမားဆိုတာ
ကံတရားရဲ့ အစေခံရယ်မို့
နာခံဖို့ပဲ ဆိုရမလား…

တကယ်ပါ
ဝေဒနာကို မကြေငြာချင်ဘူး
လွမ်းတွေနဲ့ မိတ်မဖွဲ့ချင်ဘူး
အမုန်းတွေကို စစ်ခင်းမဲ
အချစ်ရူး စစ်ဘုရင်
ကိုယ်… ဖြစ်လိုက်စမ်းချင်တယ်…

30.5.10

ချစ်သူလွမ်းချင်း



ဝေးလွင့်လိပ်ပြာ



ခွင့်



အချစ်ဆိုသည်

အတ္တမာန



အမေ့ကိုပြောပြချင်တယ်



လာမဆွနဲ့



29.5.10

ပဲခူး ရိုးမ


ရိုးမ

ပဲခူးရိုးမရဲ့တောတန်း
လမ်းကြမ်းလို့မြူတွေဆိုင်း
ညို့မှိုင်းလို့နေတယ် …

အမှောင်ရယ်ကြီးဆိုး
ဝိုးတဝါးမပီပြင်
ငွေကြယ်စင် အလင်းအောက်
နှင်တံကိုမြှောင့်ရင်း
တတောက်တောက်နဲ့
လှည်းနဲ့ခရီးဆက်
ဝမ်းရေးအတွက်
တောတက်လို့သွားခဲ့တယ် ...

နေခြည်အု အလင်းဖြာ
ခုတ်ကွပ်ရဲ့ဘေးမှာလှည်းဖြုတ်
ပုဆိန်ကိုလက်မှာတင်းတင်းဆုပ်ရင်း
တောင်ဆင်းတောင်တက်
ချောက်ကိုဖြတ်ကျော်
ပုခုံးပေါ်ကထင်းထမ်း
ခတ်ကြမ်းကြမ်းလေးပေမယ့်
အသားမာနဲ့ထူပိန်း
မစိမ်းတော့တဲ့ဒဏ်ရာတွေနဲ့
လှည်းတစီးပြည့်ခဲ့တယ် …

ဖုန်ငွေ့နဲ့မွန်းဝေ
တောလမ်းတွေရဲ့ကြား
နေလောင်တဲ့အရေပြား
ကျွဲသရေအလားပေမို့
ယောင်လို့တောင်မပူအားခဲ့ …

ကျည်တောက်ထဲကရေကြည်အေး
ဖြေသိပ်မှုခဏပေးရင်း
ဝေးလံတဲ့ခရီး
ကြမ်းတမ်းတဲ့တောတောင်
ဆာလောင်မှုတွက် မငြီးခဲ့ …

ချိနဲ့တဲ့အဖေါ်
နွားအိုရော်တရှဉ်းနှင့်
ခတ်ပြင်းပြင်းနှင်
မညင်သာတဲ့ ဘဝနှစ်ခု
ပေါင်းစုလို့ရုန်းကန်
မနက်ဖန်တို့ရဲ့ မနက်ဖန်
နပ်မှန်ဖို့အရေး
ဘဝအားမာန်မွေးရင်း
ထင်းခုတ်လို့ကြွေးခဲ့တယ် …

ချွေးစက်နဲ့ရေချိုး
ရိုးသားခြင်းရဲ့ခွန်အား
တဝမ်းတခါးတွက်
ဘ၀မပျက်အောင်
တင်းတိမ်ရောက်ရဲ
ငါအမြဲ ကြိုးစားခဲ့တယ် …

မထယ်ဝါတဲ့ဘဝ
မခန်းနားတဲ့ဘဝ
မဆန်းပြားတဲ့ဘဝ
ဘဝ ဘဝ တွေနဲ့
လောကဓံကိုရင်ဆိုင်
ဘဝကိုမဏ္ဍိုင်ထား
သားသမီးအတွက်
ရှေ့ဆက်မယ့်ပညာရေး
ငါလိုဘဝနဲ့ ဝေးရအောင်
ရှေ့ဆောင်လို့လမ်းးညွှန်
အားသွန်လို့မနှေး
အကြွေးတွေကပတ်ချာ
မဆုံးသာတဲ့အတိုး
ဘဝဆိုးအောင်ဖြစ်လေရ
ကံကြမ္မာကခေလွန်းလေတော့
အမေရေ … မှန်းလို့သာကျွမ်းလို့
တောထွက်မဲ့လမ်း …

ကျော်စွာလင်း (ရိုးမ)
၁၉၉၂

ကဗျာမဟုတ်တဲ့ကဗျာ

ကဗျာ မဟုတ်တဲ့ကဗျာ

ငါ ကဗျာကိုမချစ်ဘူး
ငါ ကဗျာကို ဝါသနာလည်းမပါ
ရေးလည်းမရေးတတ်ဘူး
တခါခါ ဝေဒနာတွေ ထိုးနှက်
နှလုံးသွေးတွေဆူပွက်
လက်ချောင်းကလေးတွေတုန်ခါ
ဘော့ပင်ရှိရာကို ဦးလှည့်
အဖျားတက်နေတဲ့ လူနာတယောက်လို
ကယောင်ကတမ်းရေးချစ်
အဲ့ဒါတွေ ကဗျာ ဖြစ်သလား မသိဘူး…

………………… ကျော်စွာလင်း (ရိုးမ)
၁၂.ဝ၁.၂ဝ၁ဝ

27.5.10

ကျနော်၏ပုံတူ

ကိုမျိုးသန့်+ မအိအိဆွေတို့၏ ချစ်သမီးလေး

သံဃာပူဇေမိ

သံဃာပူဇေမိ

ဗိုလ်ချုပ်ကြီးစောဘိုမြ

ဒေါ်စု

ဒေါ်စု

ချစ်လွန်း

ချစ်ညီမလေး အိအိထွေး

လွေးလွေး

ဆောင်းပန်း

နိုင်ငံရေး အကျဉ်းသား တဦး၏ သမီးငယ်

ကိုရီးယား ကလေးငယ်များ

ကိုရီးယား အဖိုးအို

ကိုရီးယား သူငယ်ချင်း