ဒီဆောင်းပါးကလည်း ၂၀၀၈ တုန်းက Burmatoday မှာတင်ခဲ့ဘူးတဲ့ ဆောင်းပါးလေးပါ
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း
( ၂ )
ညအချိန် ၉ နာရီလောက်ဖြစ်လိမ့်မည်၊ စာရေးသူ
အိမ်ပြန်အရောက် ကွန်ပြူတာ ဖွင့် ပြီးအီးမေးလ် ကြည့်ပြီး သတင်းများဖတ်နေစဉ်အိမ်တံခါးခေါက်သံ
ကြားလိုက်ရ၏ ။ချက်ခြင်းပင် တအိမ်တည်းနေ သူုငယ်ချင်းသည် သူ၏ကွန်ပြူတာခုံကလေးမှ သတင်းဖတ်နေစဉ် လွှားကနဲခုန်ဆင်းကာ မီးဖိုချောင်ထဲပြေးဝင်ပြီး ရေခဲသေတ္တာဘေးတွင် အကာအကွယ်ယူကာ သူ့ပါးစပ်ကို
လက်ညိုးကလေးဖြင့် ထောင်ပိတ်ပြီး “ ရှူး…” ဆိုသောအသံကလေးဖြင့် စာရေးသူအားစပ်ဖြဲဖြဲ
ကြည့်နေသည်။ စာရေးသူလည်းဘာမှ နားမလည်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေသည်။ သူဧ။်လျှပ်တပြက်
အမူအရာ အားလုံးသည် ရှေ့ တန်း စစ်မျက်နှာတွင်
အနီးကပ် တိုက်ပွဲဝင်နေသည့်ပုံ ။
စာရေးသူအိမ်တံခါး ဖွင့်လိုက်တော့ အိမ်အောက်ထပ်မှ
ကိုရီးယား အမျိုးသားကြီး တဦးက “မီးဖိုး၊ ရေဖိုး နှစ်လစာ” ဟု ကြွေးတောင်းပါလေတော့သည်။
အမှန်တော့ မီးဖိုး၊ ရေဖိုးသည် ပေါ်ထပ် နှင့် အောက်ထပ် ပေါင်း၍ ဆောင်ရသောကြောင့်ပင်၊
စာရေးသူ နှင့် သူုငယ်ချင်းသည် ညမိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်သောကြောင့် မဆုံဖြစ်ပေ၊
သူုငယ်ချင်းနှင့် မနေ့ ညကဆုံ ဖြစ်တော့ ဒီနေ့ ပေးမည်ဟု ပြောထားသောကြောင့် လာတောင်းခြင်းပင်
။ စာရေးသူ လည်းဘယ်လောက်ကျသလဲဟု မေးကာ ပိုက်ဆံအိတ်ကို ဖွင့်၍ပေးမည်ဟုပိုက်ဆံအိတ် အတွင်း
လက်ကျန်ငွေ များကို ရေတွက်ကြည့်ရာ မလောက်ငှပေ၊ ကိုရီးယား အမျိုးသားကြီးအား မနက်ဖြန်
ဆက်ဆက်လာပေးမည်ဟု အကျိုးအကြောင်းရှင်းပြကာ တောင်းပန်လိုက်တော့ “ အိုကေ၊ အိုကေ ၊” ဟု
ပြောကာ ပြန်ဆင်းသွားလေတော့သည်။အခုမှ စာရေးသူလည်းဇတ်လည်သွားတော့သည်။ သူုငယ်ချင်းကလည်း
စာရေးသူ၏ ပိုက်ဆံအိတ်အတွင်း ပိုက်ဆံ ရှိ မရှိကို ကြိုတင်ပြီး အကြားအမြင် ရထားသော ဗေဒင်ဆရာ
ထက်ပို ၍သိနေသောကြောင့်ပင် တည်း ။