30.6.10

အလွမ်းကျိန်စာ


အလွမ်းတွေကို
အရက်တခွက်လို မြိုချလို့ရစတမ်းဆိုရင်
မနားတမ်းသောက်နေမိမှာပါ …

အရက်သောက်ရင်းနဲ့သာ
အလွမ်းတွေကို ဖျောက်လို့ရမယ်ဆိုရင်
မိုးစင်စင်လင်းတဲ့အထိ မူးပြစ်လိုက်ချင်တယ် …

မမူးပဲနဲ့ ကျော်ဖြတ်ခွင့်မရတဲ့ ညစဉ်တိုင်းမှာ
အရူးမီးဝိုင်းနေသလို
အလွမ်းတွေနဲ့ပဲ မိတ်ဖွဲ့လို့နေရတယ် …

အလွမ်းတံဆိပ်တွေ အပြည့်နှိပ်ထားတဲ့
အရက်ခွက်တွေနဲ့
သူ့ကိုတမ်းတရင်း
မိုးလင်းတဲ့နေများ အခါခါဖြစ်ခဲ့ပေါ့ …

ခေါက်ရိုးကျိုးနေတဲ့အလွမ်းတွေကို
မလွတ်တမ်း ဖမ်းဆုပ်ရင်း
မိုးလင်းထိပဲ ဆက်သောက်နေမိတယ် …

အကြွင်းမရှိ အချစ်များနဲ့
ပေးဆပ်ထားခဲ့လည်း
အလွမ်းတွေသာ ငါ့အတွက်သူထားခဲ့တယ် …

သူအနားရှိနေတဲ့အချိန်တွေမှာ
ပျော်စရာအတိဖြစ်ခဲ့မိသလောက်
ရည်ဝေမှုံဝါး သူ့အပြုံးလေးများကို မြင်ရောင်မိတိုင်း
ကြေကွဲခြင်းအပိုင်းစတို့နဲ့ပဲ ကျေနပ်နေမိပါတယ်…

အရက်ခွက်ထဲကအလွမ်းကမ္ဘာ
တမ်းတမှု့နဲ့ ရည်ဝေဝါး
အမူးများလည်း ထုံကျင်ခါးရင်း
နာကျင်ခြင်းရှိုက်သံတချို့သာ
မျက်ဝန်းတစုံထက်မှာ
ခိုလုံလို့နေကြတယ် ...

ဒီတညတော့
မငိုတော့ပါဘူး
မမူးတော့ပါဘူးရယ်လို့
ကြင်နာသူပြန်လာနိုးနဲ့
အပြုံးများနဲ့ စီးကြိုစိတ်ကူး
သူရှိခဲ့ဘူးတဲ့နေရာဟောင်းလေးမှာ
မပြောင်းလဲ စောင့်မြဲစောင့်နေရင်း
နောက်ဆုံးတော့
လွမ်းရက်ရှည် ဝေဒနာများနဲ့
အချစ်တွေ တိမ်ညို ဖုန်းလို့
အမုန်းမိုးတွေ ထပ်ခါသဲ
တန်းတသူသာ သည်းခြေပျက်ရင်း
အရက်ပုလင်းတွေကြားမှာ
နှလုံးသားသာ ကျိန်စာသင့်ခဲ့တယ် …

ကျော်စွာလင်း ( ရိုးမ )
၁၃.ဝ၆.၂ဝ၁ဝ