25.8.14

သြော် .. ကိုရီးယား ဆိုပါယား (၂)



သြော် .. ကိုရီးယား ဆိုပါယား  (၂)

ကိုရီးယားတွေရဲ့ အနုပညာအပိုင်းမှာ ကြိုးစားအားထုတ်မှုဟာလည်း တကယ့်ကို မချီးကျူးလို့မရလောက်အောင် ကျိုးစားအားထုပ်မှုတွေ ရှိပါတယ်။ မြန်မာပြည်က အနုပညာသမားတွေက တစိတ်ရှိတိုင်း စိုးရကိုပဲ ပုံချပြောလေ့ရှိပါတယ်။ ကိုယ်ပိုင်သံစဉ်ဆိုဖို့ ဖန်တီးဖို့ အစိုးရက မတားစီးခဲ့သလို ကိုယ်ပိုင် ရုပ်ရှင် ဇာတ်လမ်းတွေ ရိုက်ဖို့လည်း မတားစီးခဲ့ပါဘူး။ မြန်မာပြည်က ရိုးသားတဲ့ပြည်သူတွေအပေါ်မှာ အချောင်အခွင့်ရေးယူပြီး ကိုယ်ကျိုးစီးပွားရှာတယ်လို့ပဲ ကျုပ်ကတော့ ရိုးရိုးလေးပဲမြင်တယ်။

မြန်မာပြည်မှာ နံမည်ကြီးတီးဝိုင်းက အဆိုတော်တွေကိုကြည့်ရင် တရုပ်ပြည်က နံမည်ကြီး သီချင်းတွေကို ကော်ပီးကူးပြီးခိုးချ၊ အနောက်နိုင်ငံတွေက နံမည်ကြီး သီချင်းတွေကို ကော်ပီးကူးပြီးခိုးချ စင်ပေါ်တက်ပြီး ဖင်ခေါင်းကျယ်ကြ။ ရုပ်ရှင်ဆိုလည်း ထိုနည်းလည်းကောင်း အနောက်နိုင်ငံက ဇာတ်လမ်းတွေကို ကော်ပီခိုးချ၊ ထိုင်းကား၊ တရုပ်ကား ၊ကိုရီးယားကားတွေကို ကော်ပီကူးခိုးချပြန်ရိုက် အဆင့်မှီအောင် လိုက်ရိုက်နိုင်တာလည်းမဟုတ်ပဲ ကိုယ့်အရှက် ကိုယ်ခွဲနေသလိုပါပဲ။ မြန်မာပြည်က ပြည်သူတွေကတော့ မူရင်း သီချင်းတွေ ဇာတ်လမ်းတွေ တော်ရုံကြည့်ရဖို့ နားထောင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ဘာမှမသိကြတော့ ပြည်တွင်းက ကော်ပီတွေကိုပဲ အထင်ကြီး အဟုတ်ထင် ပြည်ပအနုပညာတွေနဲ့ ယှဉ်လိုက်တော့ မြန်မာ့ အနုပညာဆိုတာ နောက်မှာ အများကြီး ကျန်နေခဲ့ပြီဆိုတာလည်း အခုချိန်မှာတော့ အထိုက်အလျှောက်ပွင့်လင်းလာတော့ တဖြည်းဖြည်းနဲ့ သိလာကြပါပီ။

သြော် .. ကိုရီးယား ဆိုပါလား (၁)



သြော် .. ကိုရီးယား ဆိုပါလား (၁)

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ တယားယားနဲ့ ယားနေကြတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း အပါဝင် ပါးစပ်တွေမှာ ဝဲပေါက်နေလို့လား အကျိုကြားတွေထဲ ပွေးများပေါက်နေကြလို့လားမသိ တယားထဲယားနေကြတဲ့ မြန်မာပြည်က လူလတ် လူငယ်တွေရဲ့ အယားရောဂါဟာ ဆွေမျိုးမေ့ အမျိုးဂုဏ်မေ့ ဇာတိဂုဏ် မေ့လောက်အောင် ယားနေလိုက်ကြတာ မြင်ရကြားရသူ ကျုပ်အဖို့တော့ အသဲယား အဲ့လေ မှားသွားလို့ အသဲခါးစရာ အကောင်းသားဗျ။ ဒါပေမယ့်လည်း ကျုပ်လို မယားတတ်တဲ့ လူတွေလည်း ရှိပါပေသေးတယ်။

ဘာပဲဖြစ်ဖြစ် ယားတတ်သူဖြစ်စေ မယားတတ်သူဖြစ်စေ ယားတတ်လာအောင် စွမ်းပေးနိုင်တာကတော့ နာမည်နဲ့လိုက်တဲ့ ကိုရီးယားပါပဲ။ မှန်ပါတယ် ယားချက်က လန်ထွက်နေတာပဲ ၊ အဲ့ဒီအယားဓါတ်က အီဘိုလာ ဘိုင်းရစ်(စ) လို ကူးစက်လွယ်တယ် ကုသဖို့ ခက်ပါလိမ့်။ အဲ့ဒီတော့ ယားတဲ့အခါမှာလည်း ယားသင့်ယားထိုက်တဲ့အခါမှာ ယားတတ်ဖို့ပဲ လိုပါတယ်။ ကိုရီးယားတွေမှာ အတုယူစရာကောင်းတဲ့ အယားမျိုးတွေကိုလည်း လေ့လာပြီး ကိုယ်တိုင် ကမ္ဘာထွက်ပြီး လန်ထွက်အောင် ယားတတ်ဖို့အတွက် ကိုရီးယားတွေရဲ့ အယားတချို့ကို ယားပြ အဲ့လေ ပြောပြပေးပါမယ် ဟား ဟား ဟား ။