18.9.11

မပြောချင်လို့ကြည့်နေတာကြာပီ


မပြောချင်လို့ကြည့်နေတာကြာပီ

လောက်တက်နေတဲ့စောက်ခွက်က
အာဏာရှင် မျက်နှာပေါက်နဲ့
ဟောက်စားလုပ်ချင်နေတဲ့အကောင် ။


ဇဂေါလောက်မှဇောက်မနက်တဲ့အတွေးခေါ်နဲ့
စင်ပေါ်မှာ ထင်ပေါ်ချင်တဲ့ပုံက
အရူးဘုံမြောက် ချီးခြောက်ကောက်စားမယ့်အကောင် ။


ကိုယ်ရည်သွေးလို့ အမြှောက်ကြိုက်
လူ့ငမိုက် မာန်တွေတက်
စောက်ရှက်တပြားမှ မရှိတဲ့အကောင် ။


မလိုတမာ စိတ်မနောရယ်က
အဝိဇၨာ မစၦရိယ် တရားကိုမွ
ဦးထိပ်မှာ ထားတဲ့အကောင်။

ခေါင်းဆောင်ကောင်းလည်း မလုပ်တတ်
နောက်လိုက်ကောင်းလည်းမဖြစ်ချင်
အတွေးမြင်ပေါက်တတ်ကရနဲ့
ဘဝင်မြင့်လို့ရူးတဲ့အကောင် ။

ကျော်တက်ခွနင်း
ဒေါက်ဖြုတ်ခြင်းကို အလစ်ချောင်း
သူရဲကောင်းစာရင်းဝင်ချင်နေတဲ့အကောင် ။

ငယ်ကြောက်ဆိုရင် အမြှီးကုတ်
နိုင်တဲ့သူဆို အဆွယ်ထုတ်ပီး စမာန်ခုပ်
အဇ္ဖတ္တရုပ်ကလဒ် စုပ်ပျက်နေတဲ့အကောင် ။

ဝိသမလောဘတရားနဲ့
ဒီမိုကရေစီကို ခုတုန်းလုပ်စားရင်း
အဝီစိငရဲ တကယ်လားမဲ့အကောင် ။

လူ့အခွင့်ရေးကိုဗန်းပြ
မျောက်ပြလို့ဆန်တောင်း
အချောင်တောင်းစားနေတဲ့အကောင် ။

ပြောတုန်းကတော့ ရဲဘော်ရဲဘက်
နောက်ဆုံးကြတော့ သစ္စာတွေချိုးဖျက်
စိတ်ဓါတ်စုတ်ပျက်လွန်းတဲ့အကောင် ။

Work premit တွေမရနိုင်တော့
နိုင်ငံရေးဂွင်ကို အပိုင်ဆင်
Refugee အသွင်နဲ့ အချောင်နေတဲ့အကောင် ။

Refugee လက်မှက်ကလေးလက်ထဲရောက်
တော်လှန်ရေးစိတ်တွေပျောက်
စောက်ကျင့်တစက်မှ မကောင်းတဲ့အကောင် ။

အတောင်စုံလို့ အစွယ်ထုတ်
မဟုတ်တရုပ်စကားလုံးတွေနဲ့ အထုပ်ရှုပ်လို့သူအူ မြူး
ချီးလူးထားတဲ့အကောင် ။

မျိုးစေ့မမှန် ပင်မသန်
အကြံဖန်စိတ်နဲ့ အစပျိုး
စောက်ချိုးမပြေတဲ့အကောင် ။

ဂုဏ်ပုဒ်ရာထူးတွေရှိသလောက်
ကိုယ့်ကျင့်သိက္ခာတွေ အကုန်ကျပျောက်
စောက်တလွဲတွေလုပ်တဲ့အကောင် ။

ဘုရားသခင်ကို လက်ညှိုးထိုးရောင်းစား
လူမျိုးရေးကို ဗန်းပြလုပ်စား
စောက်ပြားတစိ တန်ဘိုးမရှိတဲ့အကောင် ။

ဒီလိုလူ စောက်တလွဲကောင်တွေနဲ့
အသွင်မတူ တော်လှန်ရေးခရီးရှည်ထဲမှာ
လက်တွဲဖြုတ်လို့ဝေးဝေးရှောင် ။

ကျော်စွာလင်း (ရိုးမ)
၁၈.၀၉.၂၀၁၁
ဓါတ်ပုံ Google

3.5.11

ပျောက်ဆုံးသွားသော ရင်ဘက်များ


ကျနော် ပြီးခဲ့သော နှစ်က အလုပ်မှာ အက်စီးဒန့်ဖြစ်ခဲ့ပြီး ညာဘက် ရင်ဘက်ရိုး တချောင်းနဲ့ ပုခုံးရိုး ကျိုးသွားခဲ့ပါတယ် ခွဲစိတ်ကုသခဲ့ရတယ် ပြန်ကောင်းသွားပီ ဆိုပေမယ့်လည်း မူလ အခြေနေလောက်တော့ ၁ဝဝ% ပြန်မကောင်းတော့ပါ ။ အဲ့ဒါကြောင့် ကဗျာ စိတ်ကူးတွေထဲမှာ ထည့်ရေးဖြစ်တာပါ။

22.4.11

ဒုက္ခိတ ရင်ခွင်အို


ဒုက္ခိတ ရင်ခွင်အို

ဘဝအခါးနဲ့ စိန်ခေါ်မှု့တွေကြား
ဖေါက်ပြန်မှုတွေ လှိုက်စားခံရတာကြာတော့
လွမ်းရေးထက် ဝမ်းရေးက ပိုခက်တယ်ဆိုတာ မှန်သွားသလားပေါ့
အချစ်နဲ့ သစ္စာတရားဆိုတာလည်း
မဲဆောက်က ပုရစ်ကြော် စားနေရသလောက်တောင် မချိုမြိန်လာတော့ ..။

မှန်တာကိုပြောရင်
သံယောဇဉ်ဆိုတာလည်း
မဲဆောက် (ရန်ကုန်) မုန့်ဟင်းခါးဆိုင် ပန်းကန်ထဲက
ငှက်ပြောအူဖတ်လောက်တောင် မတွယ်တာတတ်တာ ကြာတော့ ..။

ဒုက္ခိတ ရင်ခွင်အို ဇရပ်ပျက်ထဲက
ကျိန်စာသင့်နေတဲ့အချစ်
အဆိပ်သင့် ငြိမ်သက်နေတဲ့ နှလုံးသားကိုမှ
Electric shock နဲ့အတင်းရိုက်နှိုးနေတဲ့ မိန်းကလေးရေ
မင်းမလာခင်ကတည်းက
ကိုယ့်နှလုံးသားလိပ်ပြာဟာ
ကိုယ်မသိတဲ့ အဝေးတနေရာကို ပြေးထွက်လို့သွားခဲ့ပြီ ..။

ကိုယ့်နှလုံးသားအတွင်း
ချစ်ခြင်းဝိညာဉ်တွေကို ပြန်လည်အသက်သွင်းဘို့
ကမ္ဘာကျော်တဲ့ မှော်ဆရာတွေတောင် အရှုံးပေးလို့သွားကြပြီ ..။

မလာပါနဲ့ မိန်းကလေးရယ်
နှလုံးသား တံခါးကိုတော့ ပိတ်မထားပါဘူး
ဒါပေမယ့်
လက်ကျန်အကြွင်း အချစ်မရှိတဲ့
ဒုက္ခိတရင်ခွင်အို ဇရပ်ပျက်ထဲမှာ
မင်းတယောက်ထဲ ငိုနေမှာ စိုးလို့ပါကွယ် ..။

ကျော်စွာလင်း (ရိုးမ)
၂၁.ဝ၄.၂ဝ၁၁

ဓါတ်ပုံများကို Google မှကူးယူဖေါ်ပြပါသည်။
ဒီကဗျာလေးဟာ အသဲကွဲ သူငယ်ချင်းတယောက်နဲ့ ရင်ဖွင့်စကားတွေ မျှဝေခံစားရင်း ရေးလိုက်တာပါ ..။

28.3.11

တော်လှန်ရေးကုဏ္ဍလ

တော်လှန်ရေးကုဏ္ဍလ

တကယ်တန်းလောကီသဘောနဲ့ဆို
ငါ့ကိုယ်ငါပိုင်တယ်
ငါပိုင်တဲ့ ငါ့စိတ်နဲ့ငါ့ကိုယ်
ငါ့သဘောနဲ့ ငါလိုရာငါသုံးဘို့
ငါ့ကိုယ်ငါ အကြိမ်ကြိမ် အာဏာပြန်သိမ်းရင်း
ငါကိုယ်တိုင်ပဲ ရှုံးနိမ့်ခဲ့တယ် ။

အကျဉ်းတန် အရုပ်ဆိုးဆိုးနဲ့
တော်လှန်ရေး အထုပ်ပိုးကြီးလည်း
ဂုတ်ပိုးပေါ်ကနေ မဆင်းနိုင် ။

ကုဏ္ဍလ ပဏ္ဍိတ မဟုတ်လေတော့
တော်လှန်ရေး ကုဏ္ဍလကို ခေါင်းပေါ်မှာ အကြိမ်ကြိမ်ဝဲ
ရင်ဘက်ထဲကနေ ဆွဲမထုတ်နိုင် ။

မနိုင်တနိုင် မိသားစုအရေးကိုလည်း
တွေးတွေးပြီး ပူပန်ရ
အရူးမီးဝိုင်းနေတဲ့ ဘဝမျိုးနဲ့
ဝန်စလွယ် နှစ်ဘက်သိုင်းရင်း
ဗျောင်းဆန်အောင် ရုန်းကန်နေရသမို့
ကိုယ့်ကို ကိုယ်လည်း အလိုမကျနိုင် ။

ကျော်စွာလင်း (ရိုးမ)
၂၈.၀၃.၂၀၁၁
ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးသော ကုဏ္ဍလ ပဏ္ဍိတ ဇာတ်တော် (ပညာရှိသော ပေါက်တူးသမား) အကြောင်းကို စဉ်းစားမိပြီးရေးလိုက်တာပါ ။
ဓါတ်ပုံများကို Google မှကူးယူဖေါ်ပြပါသည်။

6.2.11

စာဖတ်နေတဲ့ ဇေယျကျော်

အသစ်ဆွဲလိုက်တဲ့ ပန်းချီလေးပါ ဆွဲပြီးတာတော့ နဲနဲကြာသွားပီ ဓါတ်ပုံပြန်ရိုက်တာ စိတ်တိုင်းမကြဘူး ဒီအတိုင်းပဲတင်လိုက်တယ်