3.5.11

ပျောက်ဆုံးသွားသော ရင်ဘက်များ


ကျနော် ပြီးခဲ့သော နှစ်က အလုပ်မှာ အက်စီးဒန့်ဖြစ်ခဲ့ပြီး ညာဘက် ရင်ဘက်ရိုး တချောင်းနဲ့ ပုခုံးရိုး ကျိုးသွားခဲ့ပါတယ် ခွဲစိတ်ကုသခဲ့ရတယ် ပြန်ကောင်းသွားပီ ဆိုပေမယ့်လည်း မူလ အခြေနေလောက်တော့ ၁ဝဝ% ပြန်မကောင်းတော့ပါ ။ အဲ့ဒါကြောင့် ကဗျာ စိတ်ကူးတွေထဲမှာ ထည့်ရေးဖြစ်တာပါ။

22.4.11

ဒုက္ခိတ ရင်ခွင်အို


ဒုက္ခိတ ရင်ခွင်အို

ဘဝအခါးနဲ့ စိန်ခေါ်မှု့တွေကြား
ဖေါက်ပြန်မှုတွေ လှိုက်စားခံရတာကြာတော့
လွမ်းရေးထက် ဝမ်းရေးက ပိုခက်တယ်ဆိုတာ မှန်သွားသလားပေါ့
အချစ်နဲ့ သစ္စာတရားဆိုတာလည်း
မဲဆောက်က ပုရစ်ကြော် စားနေရသလောက်တောင် မချိုမြိန်လာတော့ ..။

မှန်တာကိုပြောရင်
သံယောဇဉ်ဆိုတာလည်း
မဲဆောက် (ရန်ကုန်) မုန့်ဟင်းခါးဆိုင် ပန်းကန်ထဲက
ငှက်ပြောအူဖတ်လောက်တောင် မတွယ်တာတတ်တာ ကြာတော့ ..။

ဒုက္ခိတ ရင်ခွင်အို ဇရပ်ပျက်ထဲက
ကျိန်စာသင့်နေတဲ့အချစ်
အဆိပ်သင့် ငြိမ်သက်နေတဲ့ နှလုံးသားကိုမှ
Electric shock နဲ့အတင်းရိုက်နှိုးနေတဲ့ မိန်းကလေးရေ
မင်းမလာခင်ကတည်းက
ကိုယ့်နှလုံးသားလိပ်ပြာဟာ
ကိုယ်မသိတဲ့ အဝေးတနေရာကို ပြေးထွက်လို့သွားခဲ့ပြီ ..။

ကိုယ့်နှလုံးသားအတွင်း
ချစ်ခြင်းဝိညာဉ်တွေကို ပြန်လည်အသက်သွင်းဘို့
ကမ္ဘာကျော်တဲ့ မှော်ဆရာတွေတောင် အရှုံးပေးလို့သွားကြပြီ ..။

မလာပါနဲ့ မိန်းကလေးရယ်
နှလုံးသား တံခါးကိုတော့ ပိတ်မထားပါဘူး
ဒါပေမယ့်
လက်ကျန်အကြွင်း အချစ်မရှိတဲ့
ဒုက္ခိတရင်ခွင်အို ဇရပ်ပျက်ထဲမှာ
မင်းတယောက်ထဲ ငိုနေမှာ စိုးလို့ပါကွယ် ..။

ကျော်စွာလင်း (ရိုးမ)
၂၁.ဝ၄.၂ဝ၁၁

ဓါတ်ပုံများကို Google မှကူးယူဖေါ်ပြပါသည်။
ဒီကဗျာလေးဟာ အသဲကွဲ သူငယ်ချင်းတယောက်နဲ့ ရင်ဖွင့်စကားတွေ မျှဝေခံစားရင်း ရေးလိုက်တာပါ ..။

28.3.11

တော်လှန်ရေးကုဏ္ဍလ

တော်လှန်ရေးကုဏ္ဍလ

တကယ်တန်းလောကီသဘောနဲ့ဆို
ငါ့ကိုယ်ငါပိုင်တယ်
ငါပိုင်တဲ့ ငါ့စိတ်နဲ့ငါ့ကိုယ်
ငါ့သဘောနဲ့ ငါလိုရာငါသုံးဘို့
ငါ့ကိုယ်ငါ အကြိမ်ကြိမ် အာဏာပြန်သိမ်းရင်း
ငါကိုယ်တိုင်ပဲ ရှုံးနိမ့်ခဲ့တယ် ။

အကျဉ်းတန် အရုပ်ဆိုးဆိုးနဲ့
တော်လှန်ရေး အထုပ်ပိုးကြီးလည်း
ဂုတ်ပိုးပေါ်ကနေ မဆင်းနိုင် ။

ကုဏ္ဍလ ပဏ္ဍိတ မဟုတ်လေတော့
တော်လှန်ရေး ကုဏ္ဍလကို ခေါင်းပေါ်မှာ အကြိမ်ကြိမ်ဝဲ
ရင်ဘက်ထဲကနေ ဆွဲမထုတ်နိုင် ။

မနိုင်တနိုင် မိသားစုအရေးကိုလည်း
တွေးတွေးပြီး ပူပန်ရ
အရူးမီးဝိုင်းနေတဲ့ ဘဝမျိုးနဲ့
ဝန်စလွယ် နှစ်ဘက်သိုင်းရင်း
ဗျောင်းဆန်အောင် ရုန်းကန်နေရသမို့
ကိုယ့်ကို ကိုယ်လည်း အလိုမကျနိုင် ။

ကျော်စွာလင်း (ရိုးမ)
၂၈.၀၃.၂၀၁၁
ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးသော ကုဏ္ဍလ ပဏ္ဍိတ ဇာတ်တော် (ပညာရှိသော ပေါက်တူးသမား) အကြောင်းကို စဉ်းစားမိပြီးရေးလိုက်တာပါ ။
ဓါတ်ပုံများကို Google မှကူးယူဖေါ်ပြပါသည်။

6.2.11

စာဖတ်နေတဲ့ ဇေယျကျော်

အသစ်ဆွဲလိုက်တဲ့ ပန်းချီလေးပါ ဆွဲပြီးတာတော့ နဲနဲကြာသွားပီ ဓါတ်ပုံပြန်ရိုက်တာ စိတ်တိုင်းမကြဘူး ဒီအတိုင်းပဲတင်လိုက်တယ်

3.1.11

ကျားလီး

ဘဝင်မြင့်နေကြတဲ့ ဟောက်စားလုပ် အချောင်သမားတွေ နိုင်ငံရေးလုပ်စားကြသူတွေအတွက် ရေးလိုက်တာပါ ၊ နဲနဲတော့ ရိုင်းတဲ့ ကဗျာရိုင်းလေးပါ။



22.12.10

ခွပ်ဒေါင်းအက

ဘာကြောင့်လဲရယ်တော့မသိ ကြည့်မိတိုင်း မျက်ရည်ကျကျနေမိတာ ရင်ထဲအရမ်းထိနေတာတော့ သေချာတယ် တော်လှန်ရေး ခရီးရှည်ထဲက အားသစ်အခုပေးနေသလို ကြေကွဲမှုတွေကို ပြန်မြိုချရင်း ခရီးရှည်တွေအတွက် သမီးလေးရဲ့ကကွက်လေးတွေက ဦးဦးအတွက် အလင်းစက်လေးတွေပါပဲ ...။

16.12.10

နှင်းထုရဲ့ကြား


ပြီးခဲ့သောအပါတ်က အရင်ဦးဆုံး ဆောင်းနှင်းကျတာနဲ့ လွမ်းခဲ့ဘူးသော အကြောင်းလေးတွေကို စဉ်းစားပြီး အားရုံထဲပေါ်လာတဲ့ စကားလုံး အပိုင်းစ လေးတွေကို နေရာချမိလိုက်တယ် ။
နှင်းထုရဲ့ကြား


ခြေရာမရှိသော နှင်းပွင့်လေးတွေလို
အရိပ်မရှိသော မင်းရဲ့အပြုံးတို့
ထင်ကျန်ခဲ့ဘူးသောနေရာ
ပျောက်ဆုံးပြန်ရှာခက်လှတယ် ။

သတိရခြင်းတို့ တခြားဘက်မှာ
မင်းအပြုံးတို့ လှနေလျှက်ပါ
အမှတ်တရတို့နောက်ကွယ်
မင်းရဲ့ခြေရာတို့
နှင်းထုရဲ့ကြားထဲမှာ
တရွေ့ရွေ့နဲ့ ဝေးလွင့်ပျောက်ကွယ် ။

ကျော်စွာလင်း (ရိုးမ)
၁၆.၁၂.၂၀၁၀

30.11.10

တခါခါ အခက်သား

တခါခါ အခက်သား

တခါခါ ငါ့အတွက်
အလေးဆုံး မျက်ခုံးနှစ်ဘက်
ညနက်တွေထဲ ထမ်းနေရတာ အခက်သား။

မမြင်ရတဲ့ အချစ်နဲ့အမုန်း
ရင်ခုန်လိုက် ကြေကွဲလိုက်နဲ့
ကျိန်စာသင့်ပန်းတပွင့်ပေါ်က
အဆိပ်သင့်သွားတဲ့ လိပ်ပြာတကောင်လို
ရူးကြောင်ကြောင် ဖြစ်နေတော့လည်း အခက်သား။

အရိုးသားဆုံးသစ္စာတရားတွေ
အတုံးရုံးနဲ့ကျဆုံး
အဆင်မပြေမှုတွေက အနိုင်ကျင့်
ကြီးနိုင်ငယ်ညှင်းနဲ့
လောကငရဲတွင်းထဲက အတ္တ
ဆရာတွေများတဲ့လောကထဲ
ကျင့်သားမရသေးတော့လည်း အခက်သား။

ဒါပေမယ့် တခါခါ...ငါ
အိမ်နားက တောင်ကုန်းပေါ်ကိုပြေးတက်
ကောင်ကင်ကြီးကို ခြေနှစ်ဘက်နဲ့ စုံနင်းပြီး
ဒီကမ္ဘာလောကကြီးကို
လက်နှစ်ဘက်နဲ့ မ,မကြည့်နေလိုက်တာ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီနဲ့လည်သွားတယ်။

ကျော်စွာလင်း (ရိုးမ)
၂၆.၁၁.၂ဝ၁ဝ