23.12.13

အငတ်တိုင်းပြည်







အငတ်တိုင်းပြည်

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
လွတ်လပ်မှုကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
တရားမျှတမှုကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
တန်းတူညီမျှမှုကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အနိုင်ကျင့်ခံဘဝရဲ့ ကင်းလွတ်မှုကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ခြိမ်းချောက်မှုကင်းတဲ့ဘဝကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အကြောက်တရားကင်းတဲ့ဘဝကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ငြိမ်းချမ်းရေးကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ဝမ်းရေးအတွက် ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အကြွေးကင်းတဲ့ဘဝကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အနှိမ်ခံကင်းမှုဘဝကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
လူတန်းစေ့မှုဘဝကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
သာယာပျော်ရွှင်မှုကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ဇာတိဂုဏ်ကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အမျိုးဂုဏ်ကို ငတ်နေရတယ် …။

ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အောင်မြင်ခြင်း အနိုင်ပီတိကို ငတ်နေရတယ် …။

ထိုထို ငတ်ခြင်းတရားတွေက
တစာစာနဲ့ဆူပွက်
ကွဲအက်လျှံထွက်လာတဲ့ နှလုံးသွေးတွေနဲ့
စီးဂိန်းမှာ ကဗျည်းရေးချင်လွန်းပါလို့
သွန်းမျက်ရည် စို့ရတယ်
တို့ ပြည်မြန်မာ
အို  ရွှေမြန်မာတို့ရယ် …။

ကျော်စွာလင်း (ရိုးမ) 20.12.2013
ဘောလုံးပွဲမှာ မြန်မာရှုံးလို့ ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်လေးရဲ့ ပုံကိုကြည့်ပြီး ခံစားရေးဖွဲ့ထားသောကဗျာ ဖြစ်ပါတယ်။

No comments:

Post a Comment