28.2.14
18.2.14
မိးဖိုချောင် စည်းကမ်း
ကိုယ့်ကိုကိုယ် ပြန်ဆုံးမခြင်း ဟားဟား၊ တယောက်တည်းနေရတဲ့ အချိန်တွေမှာ ၊ သူငယ်ချင်းတွေက လာဖွလိုက် ကိုယ်ကလည်း မရှင်းချင်တာနဲ့ ထပ်ဖွလိုက်နဲ့ အခုတော့ နေ့တိုင်းသန့်ရှင်းရေးလုပ်ပြီး ကိုယ့်ကိုကိုယ် ပြန်ဆုံးမနေတာ။
17.1.14
31.12.13
လက်နှီး
ရေးထားတာလည်း ကြာပီ facebook မှာတင်ထားတာလည်းကြာပီ . ကိုယ့်ဘလော့မှာ အခုမှ ပြန်တင်ဖြစ်တယ်။ ( 8.12.2013 ရက်နေ့က ဆိုးလ်မြို့ မြန်မာသံရုံး ခေါင်းမိုးပေါ်တွင်
လွှင့်ထူထားသော အာစီယံ အလံအားတွေ့ရလို့ ညီတယောက်က ဓါတ်ပုံရိုက်ပြီး
ကဗျာအတင်းစပ်ခိုင်းတော့တာပါပဲ ၊ ကျနော်လဲ မနေနိုင် မထိုင်နိုင်
ကဗျာရေးပေးလိုက်တယ်ဗျာ။)
23.12.13
အငတ်တိုင်းပြည်
အငတ်တိုင်းပြည်
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
လွတ်လပ်မှုကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
တရားမျှတမှုကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
တန်းတူညီမျှမှုကို
ငတ်နေရတယ် …။
ငါတို့ဟာ
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
အနိုင်ကျင့်ခံဘဝရဲ့ ကင်းလွတ်မှုကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
ခြိမ်းချောက်မှုကင်းတဲ့ဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
အကြောက်တရားကင်းတဲ့ဘဝကို ငတ်နေရတယ် …။ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
ငြိမ်းချမ်းရေးကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
ဝမ်းရေးအတွက်
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
အကြွေးကင်းတဲ့ဘဝကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အနှိမ်ခံကင်းမှုဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အနှိမ်ခံကင်းမှုဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
လူတန်းစေ့မှုဘဝကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
သာယာပျော်ရွှင်မှုကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
ဇာတိဂုဏ်ကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
အမျိုးဂုဏ်ကို
ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက
အခုချိန်ထိ
အောင်မြင်ခြင်း
အနိုင်ပီတိကို ငတ်နေရတယ် …။
ထိုထို
ငတ်ခြင်းတရားတွေက
တစာစာနဲ့ဆူပွက်
ကွဲအက်လျှံထွက်လာတဲ့
နှလုံးသွေးတွေနဲ့
စီးဂိန်းမှာ
ကဗျည်းရေးချင်လွန်းပါလို့
သွန်းမျက်ရည်
စို့ရတယ်
တို့
ပြည်မြန်မာ
အို ရွှေမြန်မာတို့ရယ် …။
ကျော်စွာလင်း (ရိုးမ) 20.12.2013
ဘောလုံးပွဲမှာ မြန်မာရှုံးလို့ ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်လေးရဲ့ ပုံကိုကြည့်ပြီး ခံစားရေးဖွဲ့ထားသောကဗျာ ဖြစ်ပါတယ်။
ကျော်စွာလင်း (ရိုးမ) 20.12.2013
ဘောလုံးပွဲမှာ မြန်မာရှုံးလို့ ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်လေးရဲ့ ပုံကိုကြည့်ပြီး ခံစားရေးဖွဲ့ထားသောကဗျာ ဖြစ်ပါတယ်။
9.12.13
6.6.13
15.5.12
21.4.12
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
ဒီဆောင်းပါးကလည်း ၂၀၀၈ တုန်းက Burmatoday မှာတင်ခဲ့ဘူးတဲ့ ဆောင်းပါးလေးပါ
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း
( ၂ )
ညအချိန် ၉ နာရီလောက်ဖြစ်လိမ့်မည်၊ စာရေးသူ
အိမ်ပြန်အရောက် ကွန်ပြူတာ ဖွင့် ပြီးအီးမေးလ် ကြည့်ပြီး သတင်းများဖတ်နေစဉ်အိမ်တံခါးခေါက်သံ
ကြားလိုက်ရ၏ ။ချက်ခြင်းပင် တအိမ်တည်းနေ သူုငယ်ချင်းသည် သူ၏ကွန်ပြူတာခုံကလေးမှ သတင်းဖတ်နေစဉ် လွှားကနဲခုန်ဆင်းကာ မီးဖိုချောင်ထဲပြေးဝင်ပြီး ရေခဲသေတ္တာဘေးတွင် အကာအကွယ်ယူကာ သူ့ပါးစပ်ကို
လက်ညိုးကလေးဖြင့် ထောင်ပိတ်ပြီး “ ရှူး…” ဆိုသောအသံကလေးဖြင့် စာရေးသူအားစပ်ဖြဲဖြဲ
ကြည့်နေသည်။ စာရေးသူလည်းဘာမှ နားမလည်ဘဲ ကြောင်အမ်းအမ်း ဖြစ်နေသည်။ သူဧ။်လျှပ်တပြက်
အမူအရာ အားလုံးသည် ရှေ့ တန်း စစ်မျက်နှာတွင်
အနီးကပ် တိုက်ပွဲဝင်နေသည့်ပုံ ။
စာရေးသူအိမ်တံခါး ဖွင့်လိုက်တော့ အိမ်အောက်ထပ်မှ
ကိုရီးယား အမျိုးသားကြီး တဦးက “မီးဖိုး၊ ရေဖိုး နှစ်လစာ” ဟု ကြွေးတောင်းပါလေတော့သည်။
အမှန်တော့ မီးဖိုး၊ ရေဖိုးသည် ပေါ်ထပ် နှင့် အောက်ထပ် ပေါင်း၍ ဆောင်ရသောကြောင့်ပင်၊
စာရေးသူ နှင့် သူုငယ်ချင်းသည် ညမိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်သောကြောင့် မဆုံဖြစ်ပေ၊
သူုငယ်ချင်းနှင့် မနေ့ ညကဆုံ ဖြစ်တော့ ဒီနေ့ ပေးမည်ဟု ပြောထားသောကြောင့် လာတောင်းခြင်းပင်
။ စာရေးသူ လည်းဘယ်လောက်ကျသလဲဟု မေးကာ ပိုက်ဆံအိတ်ကို ဖွင့်၍ပေးမည်ဟုပိုက်ဆံအိတ် အတွင်း
လက်ကျန်ငွေ များကို ရေတွက်ကြည့်ရာ မလောက်ငှပေ၊ ကိုရီးယား အမျိုးသားကြီးအား မနက်ဖြန်
ဆက်ဆက်လာပေးမည်ဟု အကျိုးအကြောင်းရှင်းပြကာ တောင်းပန်လိုက်တော့ “ အိုကေ၊ အိုကေ ၊” ဟု
ပြောကာ ပြန်ဆင်းသွားလေတော့သည်။အခုမှ စာရေးသူလည်းဇတ်လည်သွားတော့သည်။ သူုငယ်ချင်းကလည်း
စာရေးသူ၏ ပိုက်ဆံအိတ်အတွင်း ပိုက်ဆံ ရှိ မရှိကို ကြိုတင်ပြီး အကြားအမြင် ရထားသော ဗေဒင်ဆရာ
ထက်ပို ၍သိနေသောကြောင့်ပင် တည်း ။
20.4.12
မြန်မာ ကိုရီးယား အပိုင်းအစတချို့ တို့ အကြောင်း ( ၁ )
ဒီဆောင်းပါးကို ၂၀၀၇ တုန်းက Burma today မှာရေးထားတာပါ ။ အခုတော့ ရေးပြီး မအားလို့ မတင်ဖြစ်တာတွေ အကုန်စုပြီး ကိုရီးယား အကြောင်းတွေကို အပိုင်းလိုက် အပါတ်စဉ်တင်တော့မယ်
မြန်မာ ကိုရီးယား အပိုင်းအစတချို့ တို့ အကြောင်း ( ၁ )
ပြီးခဲ့သော
အပတ်က ကိုရီးယားရောက် နှိစ်ချို့  သူငယ်ချင်း နှစ်ယောက် အိမ်ကိုလာကြတယ်။ မတွေ့ တာ ကြာလို
့ သတိရလို့ လာတာဆိုပြီး ပြုစုပါရစေ ဆိုတာနဲ့ သူတို့နဲ့အတူ
စားသောက်ဆိုင်ကို ထွက်ခဲ့တယ်။ ရှေးကြောင်းနောက်ဖြစ် အကြောင်းတွေ ပြောကြ ရယ်ကြနဲ့ စားလိုက်သောက်လိုက်နဲ့ပေါ့။
ပြီးတော့ သူတို့ကြောင်းလေးတွေကို ပြောကြတယ်။ နှစ်ယောက်စလုံး ကိုရီးယားနိုင်ငံသူတွေ
ယူထားကြပြီး အဆင်ပြေနေကြတာတွေကို ပြောကြတာပေါ့။ကိုယ်ကတော့မပြောလို၊ ချစ်ခဲ့ဖူးသော ကိုရီးယားမလေးနဲ
့ အသည်းကွဲ ဇာတ်လမ်းလေးတွေကို ဘယ်တော့မှ ပြန်မပြောလို၊ အမြဲတမ်းမေ့နေလေ ပိုကောင်းလေ၊
တခါခါ သူဖုန်းဆက်လာရင်တောင် မဆက်ပါနဲ့ တောင်းပန်ရပါတယ်။ အသဲကွဲခဲ့ခြင်းကို ကံ ကိုဘဲ
ပုံချလိုက်တာ စိတ်သက်သာမှုအတွက် ထွက်ပေါက်ပေါ့။ တခါတလေ ကြုံရတဲ့ ကိုရီးယားသူ အသစ်လေးတွေနဲ့ ခပ်ကင်းကင်းနေနိုင်အောင် နေတယ်။ တခါတလေ သူတို့ က
အခွင့်ရေးတွေပေးပြီး နီးစပ်မှုရအောင်ကြိုးစားတဲ့အခါ ရူးချင်အောင်ဆောင်လိုက်ရင်းနဲ့ ပေါ့၊
ဒါကတော့ ကိုယ့်ရဲ့  တစိတ်တပိုင်းပါ။
ကိုရီးယားသူနဲ့  အိမ်ထောင်ကျပြီး ပျော်နေကြတဲ့ သူငယ်ချင်း
နှစ်ယောက် ကိုလည်း အားမကျပေမယ့်၊ သူတို့ ရဲ့  ပျော်ရွှင်မှု လေးတွေအတွက် တိတ်တဆိတ် ဆုတောင်းပေးနေမိတယ်။
ပြီးတော့ သူတို့ နှစ်ယောက် မြန်မာပြည်က ပြန်လာတဲ့အကြောင်းတွေကို ဘီလူးရှောက်သီးစားထားတဲ့
မျက်နှာတွေနဲ့  ပြောကြ၊ မြန်မာပြည်အရမ်းပူတဲ့ အကြောင်း၊ တိုင်းပြည် စုတ်ပြတ်ပြီး လုပ်စား
ကိုင်စား မရတဲ့အကြောင်း၊ ပြည်သူတွေ ငတ်ပြတ်နေတဲ့အကြောင်း နေထိုင်ချင်သူ မရှိဘူး ဆိုတဲ့အကြောင်း
တွေပြောဆိုပြီး၊ ကိုရီးယားမှာ ခေါင်းချတော့မယ့် ပုံစံမျိုး ပြောဆိုနေကြတာ ရသစုံသလောက်
နီးပါးပဲ။
စုတ်ပြတ်နေတဲ့ အမိ တိုင်းပြည်ကြီးကို ကျောခိုင်းပြီး ကိုယ့်တိုင်းပြည်
လွတ်လပ်မှုအတွက် စိတ်မ၀င်စားကြဘဲ၊ ကိုရီးယားတွေနိုင်ငံသားတွေကိုမှီရာ လှမ်းဆွဲပြီး
မက်မောနေကြပြီး စိတ်မကောင်း ဖြစ်ရလောက်အောင်စိတ်ဓာတ်တွေ လောင်းရိပ်မိနေကြတယ်လေ။
Subscribe to:
Posts (Atom)




.jpg)




