18.2.14
မိးဖိုချောင် စည်းကမ်း
ကိုယ့်ကိုကိုယ် ပြန်ဆုံးမခြင်း ဟားဟား၊ တယောက်တည်းနေရတဲ့ အချိန်တွေမှာ ၊ သူငယ်ချင်းတွေက လာဖွလိုက် ကိုယ်ကလည်း မရှင်းချင်တာနဲ့ ထပ်ဖွလိုက်နဲ့ အခုတော့ နေ့တိုင်းသန့်ရှင်းရေးလုပ်ပြီး ကိုယ့်ကိုကိုယ် ပြန်ဆုံးမနေတာ။
31.12.13
လက်နှီး
ရေးထားတာလည်း ကြာပီ facebook မှာတင်ထားတာလည်းကြာပီ . ကိုယ့်ဘလော့မှာ အခုမှ ပြန်တင်ဖြစ်တယ်။ ( 8.12.2013 ရက်နေ့က ဆိုးလ်မြို့ မြန်မာသံရုံး ခေါင်းမိုးပေါ်တွင် လွှင့်ထူထားသော အာစီယံ အလံအားတွေ့ရလို့ ညီတယောက်က ဓါတ်ပုံရိုက်ပြီး ကဗျာအတင်းစပ်ခိုင်းတော့တာပါပဲ ၊ ကျနော်လဲ မနေနိုင် မထိုင်နိုင် ကဗျာရေးပေးလိုက်တယ်ဗျာ။)
23.12.13
အငတ်တိုင်းပြည်
အငတ်တိုင်းပြည်
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
လွတ်လပ်မှုကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
တရားမျှတမှုကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
တန်းတူညီမျှမှုကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အနိုင်ကျင့်ခံဘဝရဲ့ ကင်းလွတ်မှုကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ခြိမ်းချောက်မှုကင်းတဲ့ဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အကြောက်တရားကင်းတဲ့ဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ငြိမ်းချမ်းရေးကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ဝမ်းရေးအတွက် ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အကြွေးကင်းတဲ့ဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အနှိမ်ခံကင်းမှုဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
လူတန်းစေ့မှုဘဝကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
သာယာပျော်ရွှင်မှုကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
ဇာတိဂုဏ်ကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အမျိုးဂုဏ်ကို ငတ်နေရတယ် …။
ငါတို့ဟာ
မမွေးဖွားခင်ကတည်းက အခုချိန်ထိ
အောင်မြင်ခြင်း အနိုင်ပီတိကို ငတ်နေရတယ် …။
ထိုထို ငတ်ခြင်းတရားတွေက
တစာစာနဲ့ဆူပွက်
ကွဲအက်လျှံထွက်လာတဲ့ နှလုံးသွေးတွေနဲ့
စီးဂိန်းမှာ ကဗျည်းရေးချင်လွန်းပါလို့
သွန်းမျက်ရည် စို့ရတယ်
တို့ ပြည်မြန်မာ
အို  ရွှေမြန်မာတို့ရယ် …။
ကျော်စွာလင်း (ရိုးမ) 20.12.2013
ဘောလုံးပွဲမှာ မြန်မာရှုံးလို့ ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်လေးရဲ့ ပုံကိုကြည့်ပြီး ခံစားရေးဖွဲ့ထားသောကဗျာ ဖြစ်ပါတယ်။
21.4.12
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
ဒီဆောင်းပါးကလည်း ၂၀၀၈ တုန်းက Burmatoday မှာတင်ခဲ့ဘူးတဲ့ ဆောင်းပါးလေးပါ
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
စာရေးသူအိမ်တံခါး ဖွင့်လိုက်တော့ အိမ်အောက်ထပ်မှ ကိုရီးယား အမျိုးသားကြီး တဦးက “မီးဖိုး၊ ရေဖိုး နှစ်လစာ” ဟု ကြွေးတောင်းပါလေတော့သည်။ အမှန်တော့ မီးဖိုး၊ ရေဖိုးသည် ပေါ်ထပ် နှင့် အောက်ထပ် ပေါင်း၍ ဆောင်ရသောကြောင့်ပင်၊ စာရေးသူ နှင့် သူုငယ်ချင်းသည် ညမိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်သောကြောင့် မဆုံဖြစ်ပေ၊ သူုငယ်ချင်းနှင့် မနေ့ ညကဆုံ ဖြစ်တော့ ဒီနေ့ ပေးမည်ဟု ပြောထားသောကြောင့် လာတောင်းခြင်းပင် ။ စာရေးသူ လည်းဘယ်လောက်ကျသလဲဟု မေးကာ ပိုက်ဆံအိတ်ကို ဖွင့်၍ပေးမည်ဟုပိုက်ဆံအိတ် အတွင်း လက်ကျန်ငွေ များကို ရေတွက်ကြည့်ရာ မလောက်ငှပေ၊ ကိုရီးယား အမျိုးသားကြီးအား မနက်ဖြန် ဆက်ဆက်လာပေးမည်ဟု အကျိုးအကြောင်းရှင်းပြကာ တောင်းပန်လိုက်တော့ “ အိုကေ၊ အိုကေ ၊” ဟု ပြောကာ ပြန်ဆင်းသွားလေတော့သည်။အခုမှ စာရေးသူလည်းဇတ်လည်သွားတော့သည်။ သူုငယ်ချင်းကလည်း စာရေးသူ၏ ပိုက်ဆံအိတ်အတွင်း ပိုက်ဆံ ရှိ မရှိကို ကြိုတင်ပြီး အကြားအမြင် ရထားသော ဗေဒင်ဆရာ ထက်ပို ၍သိနေသောကြောင့်ပင် တည်း ။