29.5.10

ကဗျာမဟုတ်တဲ့ကဗျာ

ကဗျာ မဟုတ်တဲ့ကဗျာ

ငါ ကဗျာကိုမချစ်ဘူး
ငါ ကဗျာကို ဝါသနာလည်းမပါ
ရေးလည်းမရေးတတ်ဘူး
တခါခါ ဝေဒနာတွေ ထိုးနှက်
နှလုံးသွေးတွေဆူပွက်
လက်ချောင်းကလေးတွေတုန်ခါ
ဘော့ပင်ရှိရာကို ဦးလှည့်
အဖျားတက်နေတဲ့ လူနာတယောက်လို
ကယောင်ကတမ်းရေးချစ်
အဲ့ဒါတွေ ကဗျာ ဖြစ်သလား မသိဘူး…

………………… ကျော်စွာလင်း (ရိုးမ)
၁၂.ဝ၁.၂ဝ၁ဝ

No comments:

Post a Comment