31.5.10

လွမ်းသူ့ တမ်းချင်း


လွမ်းသူ့ တမ်းချင်း

မခို့မရို့ သူ့အပြုံးလေးနဲ့
ကပို့ကရို့ နဲ့ လှသွေးကြွယ်
ပန်းအလှ ကြယ်စင်နဲ့
စန္ဒာရှင် သခင်မ
ခယလောက်သူရယ်…

တယုတရ အကြင်နာနဲ့
သခင့်ပါးမှာ ခစား
ဝိုးတဝါး အချစ်များနဲ့
မခါးသော မျှော်လင့်ချက်
ပျားရည်စက်လို ချိုမြခဲ့ ...

မျှော်လင့်ခြင်း မနက်ြဖန်
ကြိမ်ဖန်များစွာ ဖြတ်သန်းရင်း
တမ်းတခြင်းမြစ်တစင်းထဲ
သံသယ ကင်းကင်းနဲ့
ဖြတ်သန်းလို့စီးဆင်း
ချစ်ခြင်းဖွဲ့ တေးဆိုမြဲပေါ့ …

ကြည်နူးခြင်း အိမ်မက်
ကာရံတွေ မဲ့နေပေမယ့်
သံစဉ်တွေ ထပ်ကာကြူးရင်း
ယဉ်ယဉ်လေးနဲ့ ရူးမိတယ်…

ဒီလိုနဲ့
မထင်မှတ်တဲ့ မျှော်လင့်ချက်
ရုတ်တရက် ကိုယ့်ရဲ့ရှေ့မှာ
ဆိုင်သူနဲ့ မင်းကကြည်နူး
ရည်းစားလူလု
အူနုကျွဲခတ်သလို
တိတ်တခိုး အချစ်ရူးလေးငါ
ကြိုးပျက်သွားတဲ့ အရုပ်ကလေးပမာလို
အခန်းထောင့်မှာ ထိုင်ကာငိုမိခဲ့တယ် …

မဆုံနိုင်ခင်ဝေး
မဆိုင်ခင်မှာဆွေးဆွေးတမြေ့နဲ့
ပိုင်သူရယ် ကိုယ်မဖြစ်ပေမဲ့
တမ်းတသူ သည်းခြေပျက်လည်း
ရက်စက်သူ မင်းမဟုတ်ပါဘူး…

အမှတ်တမဲ့ မဟုတ်ခဲ့ပါဘူး
တိတ်တခိုး စွဲလမ်းသူရယ်မို့
ကျိန်စာသင့် လွမ်းရက်တွေကြားမှာ
ရင်ခုံသံ အေးစက်စက်နဲ့
တချက်ချက်လည်း ရှိုက်မိခဲ့တယ် ...

နာကျင်မှု့တွေတိုက်စား
အမုန်းများကဝါးမြို
အရှုံးသမားဆိုတာ
ကံတရားရဲ့ အစေခံရယ်မို့
နာခံဖို့ပဲ ဆိုရမလား…

တကယ်ပါ
ဝေဒနာကို မကြေငြာချင်ဘူး
လွမ်းတွေနဲ့ မိတ်မဖွဲ့ချင်ဘူး
အမုန်းတွေကို စစ်ခင်းမဲ
အချစ်ရူး စစ်ဘုရင်
ကိုယ်… ဖြစ်လိုက်စမ်းချင်တယ်…

No comments:

Post a Comment