28.3.11

တော်လှန်ရေးကုဏ္ဍလ

တော်လှန်ရေးကုဏ္ဍလ

တကယ်တန်းလောကီသဘောနဲ့ဆို
ငါ့ကိုယ်ငါပိုင်တယ်
ငါပိုင်တဲ့ ငါ့စိတ်နဲ့ငါ့ကိုယ်
ငါ့သဘောနဲ့ ငါလိုရာငါသုံးဘို့
ငါ့ကိုယ်ငါ အကြိမ်ကြိမ် အာဏာပြန်သိမ်းရင်း
ငါကိုယ်တိုင်ပဲ ရှုံးနိမ့်ခဲ့တယ် ။

အကျဉ်းတန် အရုပ်ဆိုးဆိုးနဲ့
တော်လှန်ရေး အထုပ်ပိုးကြီးလည်း
ဂုတ်ပိုးပေါ်ကနေ မဆင်းနိုင် ။

ကုဏ္ဍလ ပဏ္ဍိတ မဟုတ်လေတော့
တော်လှန်ရေး ကုဏ္ဍလကို ခေါင်းပေါ်မှာ အကြိမ်ကြိမ်ဝဲ
ရင်ဘက်ထဲကနေ ဆွဲမထုတ်နိုင် ။

မနိုင်တနိုင် မိသားစုအရေးကိုလည်း
တွေးတွေးပြီး ပူပန်ရ
အရူးမီးဝိုင်းနေတဲ့ ဘဝမျိုးနဲ့
ဝန်စလွယ် နှစ်ဘက်သိုင်းရင်း
ဗျောင်းဆန်အောင် ရုန်းကန်နေရသမို့
ကိုယ့်ကို ကိုယ်လည်း အလိုမကျနိုင် ။

ကျော်စွာလင်း (ရိုးမ)
၂၈.၀၃.၂၀၁၁
ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးသော ကုဏ္ဍလ ပဏ္ဍိတ ဇာတ်တော် (ပညာရှိသော ပေါက်တူးသမား) အကြောင်းကို စဉ်းစားမိပြီးရေးလိုက်တာပါ ။
ဓါတ်ပုံများကို Google မှကူးယူဖေါ်ပြပါသည်။

1 comment:

  1. အရူးမီးဝိုင်းနေတဲ့ ဘဝမျိုးနဲ့

    ဝန်စလွယ်နှစ်ဘက်သိုင်းရင်း

    ဗျောင်းဆန်အောင် ရုန်းကန်နေရသမို့

    ကိုယ့်ကို ကိုယ်လည်း အလိုမကျနိုင် ။
    (အဖြစ်ချင်းတူပါတယ်ဗျာ ၊ ကျနော်လည်း သောကနဲ့လူသားပါပဲ ။)

    ခင်လျက်

    မင်းဒင်

    ReplyDelete