1.1.12

နှလုံးသားတွေကို လမ်းခင်းကြပါစို့


နှလုံးသားတွေကို လမ်းခင်းကြပါစို့

ပန်းကလေးတွေ အလိုဆန္ဒအတိုင်း
ဖူးပွင့်ချင်တိုင်း ဖူးပွင့်ကြပါစေ
ချစ်ခြင်းအားဖြင့် ကမ္ဘာမြေကိုအလှဆင်ခြင်းဟာ
အပြစ်ကင်းစင်တဲ့စေတနာ...။

စမ်းရေတွေလည်း သဘာဝအတိုင်း
အနှိုင်းမဲ့ စီးဆင်းနိုင်ကြပါစေ
ငြိမ်းချမ်းစွာအေးမြခြင်းဖြင့်
လူတိုင်းရင်တွင်း ဖြတ်သန်းရှင်သန်လိုတဲ့အကြင်နာ...။

ငှက်ကလေးများတေးဆိုနေတာ
နားလည်းခံစားပေးနိုင်ကြပါစေ
ကြည်နူးဝေမျှပေးခြင်းဆန္ဒ
လူတိုင်းနားလည်ခံစားတတ်ဖို့ပါ...။

ပန်းကလေးတွေလို
ငှက်ကလေးတွေလို
စမ်းရေတွေလို
ရင်တွင်းဖြစ်ဆန္ဒနဲ့အလှတရား
ငြိမ်းချမ်းမှု့ကိုယ်စီထားတတ်ကြစေဖို့...။

တို့ရင်ထဲကအလိုမကျ
အမှောင်ကျနေတဲ့ အမုန်းတရား
မခံစားတတ်ကြစေဖို့
သင်ပုန်းချေပန်းတွေကြဲ
စစ်ပွဲတွေလည်းအကုန်ရပ်လို့
အပြုံးတွေထပ်တူယှက်ရင်း
နှလုံးသားတွေကို လမ်းခင်းကြပါစို့ ...။

မြန်မာပြည်ငြိမ်းချမ်းပါစေ

ကျော်စွာလင်း (ရိုးမ)
၁.၁.၂၀၁၂
www.kslinn21.blogspot.com
ဓါတ်ပုံ Google

No comments:

Post a Comment