30.11.10

တခါခါ အခက်သား

တခါခါ အခက်သား

တခါခါ ငါ့အတွက်
အလေးဆုံး မျက်ခုံးနှစ်ဘက်
ညနက်တွေထဲ ထမ်းနေရတာ အခက်သား။

မမြင်ရတဲ့ အချစ်နဲ့အမုန်း
ရင်ခုန်လိုက် ကြေကွဲလိုက်နဲ့
ကျိန်စာသင့်ပန်းတပွင့်ပေါ်က
အဆိပ်သင့်သွားတဲ့ လိပ်ပြာတကောင်လို
ရူးကြောင်ကြောင် ဖြစ်နေတော့လည်း အခက်သား။

အရိုးသားဆုံးသစ္စာတရားတွေ
အတုံးရုံးနဲ့ကျဆုံး
အဆင်မပြေမှုတွေက အနိုင်ကျင့်
ကြီးနိုင်ငယ်ညှင်းနဲ့
လောကငရဲတွင်းထဲက အတ္တ
ဆရာတွေများတဲ့လောကထဲ
ကျင့်သားမရသေးတော့လည်း အခက်သား။

ဒါပေမယ့် တခါခါ...ငါ
အိမ်နားက တောင်ကုန်းပေါ်ကိုပြေးတက်
ကောင်ကင်ကြီးကို ခြေနှစ်ဘက်နဲ့ စုံနင်းပြီး
ဒီကမ္ဘာလောကကြီးကို
လက်နှစ်ဘက်နဲ့ မ,မကြည့်နေလိုက်တာ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီနဲ့လည်သွားတယ်။

ကျော်စွာလင်း (ရိုးမ)
၂၆.၁၁.၂ဝ၁ဝ


No comments:

Post a Comment